မိန်းကလေးတွေဆွဲဆောင်မှုရှိဖို့ လုပ်သင့်တဲ့ အချက် (၅) ချက်
ချောတာလှတာနဲ့ ဆွဲဆောင်မှုရှိတာနဲ့ မတူပါဘူး။ မိန်းကလေး တစ်ယောက် ဆွဲဆောင်မှုရှိတယ်ဆိုတာ ဝတ်စားနေထိုင်ပုံ၊ ကိုယ်နေဟန်ထား၊ မျက်လုံးအကြည့်၊ စကားပြောပုံ၊ သွားလာလှုပ်ရှားမှုနဲ့ ပေါင်းသင်းဆက်ဆံပုံစတဲ့ အရာတွေနဲ့လဲ သက်ဆိုင်နေပါသေးတယ်။ ဒီတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?
(၁) အဝတ်အစားအတွက် အချိန်ပေးပါ
အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ branded တွေဝတ်မှပဲ ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်း၊ အရောင် စတာတွေကို သိရှိထားပြီး နေရာနဲ့ လိုက်လျောညီထွေဖြစ်အောင် ဝတ်စားတတ်ဖို့ပါပဲ။ နေကာမျက်မှန်တပ်တာ၊ accessory တစ်ခုခု ဆင်မြန်းတာကလဲ သင့်ကို သတိထားစေမယ့် အချက်ပါပဲ။
(၂) စကားကို ဖြေးဖြေးနဲ့ မှန်မှန်ပြောပါ
တစ်ချို့အမျိုးသမီးတွေ ကြည့်လိုက်ရင် ထူးခြားမှု သိပ်မရှိပေမယ့်… စကားပြောလိုက်တဲ့အခါ အရမ်းဆွဲဆောင်နိုင်တာ တွေ့ဖူးမှာပါ။ အသံကို မတိုးမကျယ်နဲ့ ဖြေးဖြေးချင်း ပြောပေးပါ။ ဗလုံးဗထွေးပြောတာထက် တိတိကျကျ ပြတ်ပြတ်သားသားပြောတာက လူအများရဲ့ အာရုံစိုက်မှုကို ပိုရစေပါတယ်။
(၃) self care နေ့တိုင်းလုပ်ဖြစ်ပါစေ
Self care လုပ်ဖြစ်တဲ့ မိန်းကလေးတွေက အချိန်တိုင်းလိုလို ဆွဲဆောင်မှုရှိနေတတ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်လေးကို ပုံမပျက်အောင်ထိန်းတာ၊ နေ့စဉ် အသားအရေထိန်းသိမ်းတာ၊
တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာ စတဲ့ အလေ့အထလေးတွေကို နေ့စဉ်လုပ်ပေးဖြစ်တာကြောင့် ပိုပြီး လှပကျော့ရှင်းလာသလို ဆွဲဆောင်မှုလဲ ရှိလာနိုင်ပါတယ်။
(၄) ကိုယ်ပိုင်ဝင်ငွေရှာပါ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ အများကြားမှာ သိသိသာသာကို ဆွဲဆောင်မှု ရှိနေတတ်ပါတယ််။ သူများအားမကိုးပဲ ဘဝကို ရပ်တည်နိုင်တယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှမတူသလို ကိုယ့်ကိုယ်ကိုယ်လဲ ကျေနပ်အားရစေပါတယ်။
(၅) ထက်မြက်ပါစေ
ထက်မြက်တဲ့ အမျိုးသမီးတွေဟာ ဆွဲဆောင်မှု အရှိဆုံးပါပဲ…. ကိုယ်လေ့လာသင်ယူနိုင်သလောက် လေ့လာပါ.. အသုံးချပါ… လောကဓံရဲ့ အခက်အခဲတွေကို စိတ်မပျက်နေပဲ ပျော်ပျော်နေပါ… ကြုံလာတဲ့ ပြဿနာကို တစ်ခုချင်းစီ ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ၊ ပညာသားပါပါနဲ့ အရာရာကို ဖြေရှင်းနိုင်တာကလဲ ဆွဲဆောင်မှုရှိခြင်းရဲ့ လက္ခဏာပါပဲ။
ရုပ်ရည် ရူပကာ အရမ်းမချောလို့လဲ စိတ်အားမငယ်ပါနဲ့…. အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ ဆွဲဆောင်မှုရှိပြီး ပိုမိုလှပတဲ့ အမျိုးသမီးလေးတွေ ဖြစ်နိုင်ပါတယ်ဆိုတဲ့ အကြောင်း မျှဝေလိုက်ရပါတယ်နော်
ရေးသားသူ - ဒေါက်တာ ယုဝါ